BlockchainTechnology ဘလော့(ခ်)ချိန်း(န်)ဆိုတာဘာလဲ?


Blockchain

        
        Blockchain သည် ယခုအချိန်မှာဆိုရင်လူပြောအများဆုံးနဲ့ ရေပန်းအစားဆုံးသောနည်းပညာတစ်ခုအဖြစ်ဦးနိုင်တို့ရဲ့ကမ္ဘာကြီးမှာ တော်တော်လေးကိုကျော်ကြားလားပါတယ်။ ဒီနောက်ပိုင်းမှာ Blockchain ဆိုတဲ့စကားလုံးဟာလည်း ပိုပြီးတော့ လူသုံးများလာတဲ့စကားလုံးတစ်လုံးဖြစ်လာတော့မှာမလွဲမသွေပါပဲ။ ဦးနိုင်တို့မြန်မာနိုင်ငံမှာသာသိပ်ပြီးတော့မသိကြသေးပေမယ့်လည်း ယခု ဦးနိုင်ရောက်နေတဲ့ထိုင်းနိုင်ငံနဲ့ တစ်ချို့အရှေ့အာရှနိုင်ငံတော်တော်များများမှာ Blockchain အကြောင်းကိုတွင်တွင်ကျယ်ကျယ်ကြီးကိုပြောနေသံတွေကြားနေရတာပါ။ သတင်းနဲ့စာနယ်ဇင်းမီဒီယာများသာမကရုပ်သံလိုင်း တွေကနေတစ်ဆင့် Blockchain ဆိုတာ"ဘာ" ဖြစ်ကြောင်း၊ ဘယ်လိုအရေးကြီးကြောင်း၊ ဘယ်လိုကောင်းကြောင်း၊ ဘယ်လိုအသုံးဝင်ကြောင်း၊ ကျွန်ုပ်တို့ကမ္ဘာကြီးရဲ့ငွေကြေးနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေအပြင် အခြားသောဌာနဆိုင်ရာများသာမက ပညာရေးစနစ်၊ မဲပေးစနစ်၊ မိုဘိုင်းလက်ကိုင်ဖုန်း နဲ့ စီးပွားရေးလုပ်ငန်းမျိုးစုံ ကို ဘယ်လိုပြောင်းလဲပြစ်နိုင်တော့မှာဖြစ်ကြောင်း၊ ဘာကြောင်း ညာကြောင်းပေါ့လေ၊ အဲဒီတော့ ကိုယ်တွေစိတ်ထဲမှာလဲ အံ့တွေသြလို့ ၊ အဲဒီလောက်တောင်ပဲလားပေါ့လေ ။

        လူတွေရဲ့ပါးစပ်ဖျားမှာ ဘယ်လောက်ပဲ ရေပန်းစားနေပြီးမကြာခဏပြောနေကြသော်ငြားလည်း ၊  Blockchain နဲ့ပါတ်သက်တဲ့ Blockchain အကြောင်းရေးထားတဲ့ ဆောင်းပါးတွေ ဘယ်နှစ်ပုဒ်ပဲဖတ်ပြီးဖတ်ပြီး  Blockchain ဘာလဲဆိုတာကိုသေသေချာချာနားလည်တဲ့လူကတော့ တော်တော်လေးကိုနည်းနေပါသေးတယ်။ အဲဒါကြောင့်ပါပဲ ဒီပို့စ်ကိုရေးဖြစ်ဖို့အကြောင်းဖန်လာတယ်လို့ပဲဆိုပါတော့။ နောက်တစ်ခုက ဦးနိုင်ကိုယ်တိုင်ကလည်း တက္ကနိုလိုဂျီ အသစ်အဆန်းတွေကိုအရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်နေတာကလည်းတစ်ကြောင်းကြောင့်ပေါ့လေ။ အဲဒါ‌ကြောင့် ဦးနိုင်လည်း ဒီ Blockchain ဆိုတာကြီးကို အရမ်းကိုသိချင်လာတယ်လေ။ ဒီကောင်ကဘာကြီးလဲ ၊ အတက်နဲ့လား ၊ ဂျိုနဲ့လား ၊ ဘာလား ၊ ညာလားပေါ့လေ။ 
        အဲဒီတော့ ဒီကောင့်အကြောင်းကို သိရအောင် ဖတ်တယ် ၊ မှတ်တယ် ၊ လေ့လာတယ်ပေါ့ ၊၊ အဲဒီတော့ Blockchain ဘာလဲဆိုတာကို နားလည်လာခဲ့တယ်။ ဒီလို နားလည်လာတော့ တခြားလူတွေကိုလည်း သိရှိနားလည်စေချင်တယ်။ အထူးသဖြင့် နည်းပညာကို မတတ်တဲ့ နားမလည်တဲ့ သာမန်လူတွေကို လည်း ဒီဆောင်းပါးကို ဖတ်ပြီး နားလည်စေချင် တဲ့ ရည်ရွယ်ချက်နဲ့ အတတ်နိုင်ဆုံး အရပ်သုံးစကားလုံးတွေရွေးချယ်ပြီးတော့ ရှင်းပြမှာဖြစ်သလို သာမန်လူတွေနားလည်ရခက်တဲ့ နည်းပညာစကားလုံး တွေကို နည်းနိုင်သမျှနည်းအောင် ရှင်းပြပေးမှာဖြစ်ပါတယ်။ နည်းပညာ ဝေါဟာရတွေမပါလို့ကလည်းမဖြစ်ပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့......

        ကဲစတော့မယ်...... ပထမဦးဆုံး နားလည်ထားရမှာက
Blockchain ဆိုတဲ့ဝေါဟာရသည်  (Technical Term) နည်းပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်သည်၊ ပုံမှန်သာမန်အသုံးပြုသူများအတွက်ဝေါဟာရမဟုတ်ပါ ဘူး ဆိုတာကို အရင်ဦးဆုံး သိထားစေချင်ပါတယ်။ ဒီလိုနားလည်ထားမှာသာ ရှေ့ဆက်သွားလို့လွယ်ကူမှာမို့လို့ပါ။ Blockchain အကြောင်းပြောကြတော့မယ်ဆိုတော့  Bitcoin အကြောင်းကမပါလို့က မဖြစ်ပြန်ပါဘူး။

        Bitcoin ကိုတော့ လွှဲသွားလွှဲလာ လုပ်လို့ရတဲ့ ငွေကြေးတစ်ခုအဖြစ်နဲ့ လူတွေတော်တော်များများ သိထားကြပါတယ်။ အဲဒါနဲ့တချိန်ထဲမှာပဲ Bitcoin နဲ့ Blockchain ကိုလည်း  တစ်မျိုးထဲပဲလို့ ထင်မြင်နေကြတဲ့တစ်ချို့တစ်ချို့သောသူတွေလည်းအများကြီးရှိနေပါသေးတယ်။ အဲဒီအထဲမှာ စာဖတ်သူလည််း တစ်ယောက်အပါအဝင်ဖြစ်ခဲ့မယ်ဆိုရင် ယခု အစကထဲကပဲရှင်းအောင်ပြောပြထားပါရစေ။ 

 " သင့်ရဲ့ထင်မြင်ယူဆထားတဲ့အချက် မှားနေပါတယ်၊ မတူပါဘူး။ သူတို့နှစ်ခု ဆက်နွယ်မှုရှိနေတာတစ်ခုကလွဲရင် တစ်မျိုးစီပါ။ "  

ဒီနေရာမှာ စာဖတ်သူတို့ ဇ‌ဝေဇဝါမဖြစ်ရအောင် နဲ့ ကွဲပြားခြားနားမှုကလေးတွေကို မှန်မှန်ကန်ကန်လေး သိရအောင် Bitcoin ဘာလဲဆိုတာလေးကို နည်းနည်းတော့ပြောပြဖို့လိုလာပါပြီ။

Bitcoin


Bitcoin သည် ဒီဂျစ်တယ်စနစ် "ငွေကြေး" တစ်မျိုး  ဖြစ်သည်။

        Bitcoin ဆိုတာကို နားလည်လွယ်ဆုံးဖြစ်အောင်နှိင်းယှဥ်ပြရရင် ဦးနိုင်တို့မြန်မာတွေအနေနဲ့ ဆိုရင်  " ရွှေဒင်္ဂါး " နဲ့ အလားသဏ္ဌန်တူပါတယ်။ 
တစ်ချို့လည်း မမြင်ဘူးကြဘူးလေ။ အဲ့တော့ မြင်ဘူးတဲ့အထိရှိအောင် ဦးနိုင်က Bitcoin ပုံလေးကိုအောက်မှာပြထားပေးပါတယ်။
ပုံနံပါတ် ( ၁ ) ကိုကြည့်လိုက်ပါ။ 

Bitcoin နမူနာ ပုံနံပါတ် ( ၁ )

        Bitcoin ကို အင်္ဂလိပ်လို  Asset  မြန်မာလို ပိုင်ဆိုင်မှု သို့မဟုတ် မိမိပိုင်ပစ္စည်း ဥပမာ စိန်၊ ရွှေ၊ ငွေ၊ ရတနာ၊  ကျောက်သံပတ္တမြား၊ အိမ်၊ ခြံ၊ မြေ၊ လယ်၊ ကိုင်း၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ မော်တော်၊ သင်္ဘော၊ လှေ၊ လှည်း၊ နွား၊ ကျွဲ၊ ဆိတ်၊ ကြက်၊ ဘဲ၊ ဝက်၊ အစရှိသဖြင့် မိမိတို့ပိုင်ဆိုင်မှုဖြစ်ဖို့ ဝယ်ယူလို့ရသလိုမျိုး Bitcoin ကိုလည်းဝယ်ယူလို့ရပါတယ်။ နောက်တစ်ခုက အခြားအခြားသော ပစ္စည်းတွေလိုပဲ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်၊ ရောင်းဝယ်ဖေါက်ကားရေး အစရှိသောအကြောင်းအခြင်းအရာအမျိုးမျိုးတို့အပေါ်အခြေခံ၍ ကာလအပိုင်းအခြားအလိုက် ငွေကြေးစျေးကွက်လိုမျိုး စျေးနှုံးအတက်အကျ အစဥ်အမြဲ ရှိနေတတ်ပါတယ်။
            ဥပမာပေးရရင်  ပုံနံပါတ် ( ၂ ) ပြထားတဲ့အတိုင်း ငွေလဲလှယ်နှုံးကွန်ဗာတာကိုကြည့်ပါ။ အခုဒီနေ့ ( ဒီဇင်ဘာလ ၁၈ ရက်နေ့ ၂၀၂၀ ) ရက်စွဲနဲ့ Bitcoin ဒင်္ဂါးတစ်ပြားရဲ့ ကာလတန်ကြေးက  မြန်မာငွေနဲ့  ၃၁ ၂၅၆ ၇၉၅.၁၇ ကျပ် ( 31 256 795.17 MMK ) ကျပ် သန်းပေါင်း သုံးဆယ့်တစ်သန်းကျော် ပေါက်နေပါတယ်။ လက်ထဲမှာ ကျပ်သန်းပေါင်း ( ၃၁ ) သန်းကိုလက်ထဲပိုက်ပြီး Bitcoin ဒင်္ဂါးပြား ရောင်းပေးတဲ့ ဝက်ဆိုဒ်တစ်ခုခုမှာ သွားဝယ်လို့ရပါတယ်။ အဲဒီလိုဝယ်လိုက်တာနဲ့တစ်ပြိုင်နက်ထဲ ကိုယ့်ပိုက်ဆံအိတ်အလှဆင်နိုင်ဖို့
( မိမိတို့ရဲ့လက်နဲ့ ထိလို့ ကိုင်လို့
နမ်းလို့ မရနိုင်သည့်အပြင် မိမိတို့ရဲ့ မျက်လုံးနဲ့လည်း ကြည့်လို့ မြင်လို့မရနိုင်တဲ့ ) ဒင်္ဂါးပြား တစ်ချပ်ကိုပိုင်ဆိုင်ခွင့်ရလာပြီဆိုပါတော့။ နောက်  တစ်ရက်၁၀ ရက် ၊ တစ်လသုံးလ၅ လ သို့မဟုတ်  တစ်နှစ်  အချိန်ပိုင်းအတိုင်းအတာတစ်ခုအတောအတွင်း စျေးနှုံးက ၃၄ သန်း ၊ ၃၅ သန်း အထိ မြင့်တက်လာခဲ့တယ်ဆိုကြပါစို့ ။ အဲဒီအချိန်ကျတော့ လက်ထဲကမိမိပိုင်ဆိုင်ထားတဲ့ အဲဒီ ဒင်္ဂါးပြားကို တစ်ဖန်ပြန်ရောင်းထုတ်နိုင်ပါတယ် ။ အမြတ် ၃ ၊ ၄ သန်း ရတယ်ပေါ့နော် ။ ကဲတွေ့တယ်မဟုတ်လား ဦးနိုင်တို့ဆီမှာ ရွှေအရောင်းအဝယ်လုပ်တာနဲ့မတူဘူးလား?


ပုံနံပါတ် ( ၂ )



        တစ်ချို့ အရောင်းဆိုင်တွေ ၊ ကုန်တိုက်တွေမှာ ပစ္စည်းစျေးနှုံးကပ်တဲ့ ကဒ်ပြားတွေကို စာဖတ်သူတို့မြင်ဘူးကြမှာပါ။ အဲဒီလိုမျိုးပဲ အထက်ကဦးနိုင်ရှင်းပြခဲ့တဲ့ Asset တွေကိုလည်း ဒီပစ္စည်းကတော့ဖြင့် 2Bitcoin ပါ၊ 3Bitcoin ပါဆိုပြီး တန်ဖိုးဖြတ်ကာလဲလှယ်လို့ရပါတယ်။ ဒီမှာလည်းကြည့်လေ "ရွှေ"လိုမျိုးပဲ၊ ဥပမာ ဒီခြံကတော့ဖြင့် ရွှေ ၂ ကျပ်သားပါ၊ ၃ ကျပ်သားပါ စသဖြင့် စျေးနှုံးသတ်မှတ်ထားတတ်ကြတာခြင်းနဲ့အတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် ခွဲခြားနားလည်ထားရမှာက ‌ရွှေ ၁ ကျပ်သားက 1 Bitcoin မဟုတ်သလို 1 Bitcoin ကလည်း ‌ရွှေ ၁ ကျပ်သား မဟုတ်ဘူး ဆိုတာကိုပါပဲ။ ဒါက ဥပမာပေးပြီးရှင်းပြနေတာနော် ရောသွားပြီးနားလည်မှုလွဲသွားမှာစိုးလို့ပါ။

        ကဲ ဒီလောက်ဆိုရင် Bitcoin ဆိုတာဟာ လက်နဲ့ကိုင်လို့မရ၊ ကြည့်လို့မမြင်ရ၊ အကောင်အထည်ဖေါ် ပြလို့မရနိုင်တဲ့ ငွေကြေးတစ်မျိုး သို့မဟုတ် နည်းပညာဝေါဟာရနဲ့ ပြောရင် (Digital Currency) ဒီဂျစ်တယ်စနစ် ငွေကြေးတစ်ခု ဖြစ်ကြောင်းကိုနားလည်လောက်ပြီလို့ထင်ပါတယ်။ နမူနာ ပုံ နံပါတ် ( ၃ ) ကိုကြည့်ပါ။


ပုံနံပါတ် ( ၃ )

        Bitcoin အကြောင်းတော့သိနားလည်သွားပြီဆိုတော့  သူ့အကြောင်းကိုရှေ့မှာ ဆက်ပြီးမဆွေးနွေးတော့ပါဘူး၊ အဲဒါဆို Blockchain ကရောဘာလဲ? Bitcoin နဲ့ကရော ဘယ်လိုကွာခြားမှုတွေရှိနေတာလဲ၊ သူတို့ ၂ ခု ဘယ်လိုဆက်စပ်မှုမျိုးတွေရှိနေကြတာလဲ ?

အဖြေကတော့................... 

Blockchain


Blockchain သည် Bitcoin စနစ်၏နောက်ကွယ်ရှိ တက္ကနိုလိုဂျီ နည်းပညာတစ်ခုဖြစ်သည်။ 

ဒီထက်ပိုပြီးနားလည်လွယ်အောင်ပြောရလျင် ဆိုကြပါစို့ မီးပလပ် သည် မီးသီး၏နောက်ကွယ်ရှိ တက်(ဂ်)နော်လော်ဂျီ နည်းပညာတစ်ခုဖြစ်သည်။ 
တွေ့တယ်မဟုတ်လား မီးပလပ်ခေါင်းကို မီးပလပ်ပေါက်မှာထိုးထည့်လိုက်တာနဲ့ မီးသီးကမီးလင်းခြင်းအဖြစ်ကိုရောက်သွားတော့တာ၊ နမူနာပုံ နံပါတ် ( ၄ ) ကိုကြည့်ပါ၊

ပုံနံပါတ် ( ၄ )



ဆက်ရန်--------->
ခုမအားတော့ဘူး. အလုပ်ကပေါ်လာပြီ .အားရင်ဆက်ရေးမယ်...မျှော်

တစ်နေ့ကို နည်းနည်းပေါ့ဗျာ။ ဒါမှ ခင်ဗျားလေးတို့အသည်းထဲကိုစွဲသွားမှာ၊ များများဖတ်၊ ခဏခဏဖတ်၊ သေသေချာချာဖတ်၊ နားလည်အောင်ဖတ်၊ စာအုပ်၊ စာပေ၊ ဆောင်းပါးဆိုတာ မိမိတို့ဗဟုသုတရှိဖို့ ဖတ်ဖို့ မှတ်ဖို့ လေ့လာဖို့ ကျက်ဖို့မဟုတ်ဘူး၊ ဦးနိုင်က စာကျက်တဲ့စနစ်ကို ဒီကမ္ဘာပေါ်  မှာရှိတဲ့အရာအားလုံထဲမှာ အမုန်းဆုံးပဲ...
Tags:

แสดงความคิดเห็น

[blogger][disqus][facebook][spotim]

Konaing

{picture#https://1.bp.blogspot.com/-b0LQdltaCq8/X70c4YZHfxI/AAAAAAAADTI/tcGMEiV5BaUdUZPvxCcvLtD-D3VNI4c4ACPcBGAsYHg/s1080/2020-11-22.jpg} Are you a student who always struggles to find fully resourced software versions online? Do you find these versions overpriced? Have you been looking for one solution for all your software needs to be it related to multimedia, antivirus, operating systems, back up recovery or something else? {facebook#https://www.facebook.com/U-Naing-Teaching-media-105906684460212} {twitter#https://twitter.com/THANTZA52735988} {instagram#https://www.instagram.com/kzttzorich} {youtube#https://www.youtube.com/user/TheKONAING} {rss#http://feeds.feedburner.com/Veadmc}

Contant Form

ชื่อ

อีเมล *

ข้อความ *

ขับเคลื่อนโดย Blogger.