About

        

        ကျနော်ကတော့  မြန်မာလူမျို;  တစ်ယောက်ပါ။ ကျနော်ယခု  ထိုင်းနိုင်ငံဘန်ကောက်မြို့က  အသေးစား  အားကစား၀တ်စုံ  မျိုးစုံ  ထုတ်လုပ်ဖြန့်ဖြူးတဲ့  ကုမ္ပဏီတစ်ခုမှာ ဂရပ်ဖစ်ဒီဇိုင်နာ  တစ်ယောက်အဖြစ်နဲ့  တာ၀န်ထမ်းဆောင်နေပါတယ်။ အဲဒါတစ်ခုကလွဲလို့  ကျနော်က  တခြား  ဘာအတတ်ပညာမှ  ဖန်တီးနိုင်စွမ်းမရှိသေးတဲ့   သာမန်လူသား   တစ်ယောက်ပါလို့၀န််််ခံထားပါရေစ။  
        ဒါပေမယ့်လည်း   ကျနော်က  အိုင်တီ  နည်းပညာတွေနဲ့  တီထွင်ဖန်တီးမှု   အသစ်အဆန်းတွေကိုတော့  အထူးပဲ   စိတ်၀င်စားသူ   တစ်ယောက်ဖြစ်ပါတယ်။ ဥပမာ- Artificial Intelligence(AI), Machine learning VS Deep learning, Data Science, Big Data Analytics, Programming, Coding, Web Development, Web design, Software Development, Apple, Android, Audio Editing, Video Editing, Media, Image & Photo Editing, Animation, 3D, Presentation, Html, Css, Javascript, jquery, Bootstrap, UI, XD, Visual Basic, C#, C++, Python, Digital Marketing, Affiliate Marketing, Etc....အစရှိတာတွေပဲဖြစ်ပါတယ်။
        ဒါကြောင့်လည်း   ကျွန်တော့ရဲ့   အားလပ်တဲ့   အချိန်တွေ  အားလုံးနီးပါးကို  ကျနော့အတွက်တော့ဆရာကြီးလို့သတ်မှတ်ထားတဲ့ Google  ဘရောင်ဆာရဲ့  အင်တာနက်  စာမျက်နှာတွေမှာ  သိချင်  တတ်ချင်တာတွေကို   လေ့လာရင်း   ကုန်လွန်စေခဲ့ပါတယ်။ 
        အဲဒီလို  လေ့လာခဲ့လို့ရလာခဲ့တဲ့  နည်းပညာဗဟုသုတတွေကို  ကျနော့လိိုပဲအခြားသော  ပညာရှာဖွေ  လေ့လာ  ဆီးပူး  နေကြသူမိတ်ဆွေများနှင့်အတူ  အထူးသဖြင့်တော့   မိမိတို့ရဲ့ပညာရေးအတွက်  ကြိုးစားပန်းစားနဲ့  ရုန်းကန်လှုပ်ရှားနေကြတဲ့  ကျောင်းသား/ကျောင်းသူ အနာဂတ်ရဲ့  သားကောင်း/သမီးပျိုအရွယ်   လူငယ်မောင်မယ်များအတွက် ပညာရှာမီးရာမှာ   အဆင်ပြေ  ချောမွေ့နိုင်စေရန်သော်၎င်း၊   အထောက်အကူ  ပြုနိုင်စေရန်သော်၎င်း၊ မိမိတို့ရဲ့   အိပ်မက်  ရည်မှန်းချက်ပန်းတိုင်သို့   အလျှင်အမြန်  ရောက်အောင်‌   ‌‌လျှောက်လှမ်းဆွတ်ခူးနိုင်ကြစေရန်   ဆက်စပ်  ပေါင်းကူးတံတားတစ်ချောင်းအဖြစ် နှင့် သော်၎င်း၊  အမြင့်သို့တက်နိုင်ရန် လှေခါးတစ်စင်းအဖြစ်သော်လည်းကောင်း၊   
နည််းပညာအပြန်အလှန်   မျှ‌ေ၀ဖလှယ်နိုင်ကြစေရန်  လည်းကောင်း  ဤမည်သောရည်ရွယ်ချက်တို့ဖြင့်   ဒီ  Blog  ကို   တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။
        ကျနော်တို့ရဲ့ ကမ္ဘာကြီးမှာ  လူသားကောင်းကျိုးအတွက်ဆိုရင်  "မိမိကိုယ်ကို"  အနစ်နာခံတတ်ကြတဲ့    စေတနာမေတ္တာရှင်ကြီးတွေ မရေတွက်နိုင်အောင် များပြားလှပါတယ်။ အဲဒီလိုပုဂ္ဂိုလ်ကြီးတွေရဲ့   အရည်အချင်းမျိုးတွေနဲ့ မနှိင်းစာနိုင်သည့်တိုင် ကျနော့ရဲ့လုပ်ဆောင်ချက်တွေက  အုပ်တစ်ချပ်သဲတစ်ပွင့်အဖြစ်နဲ့ လူသားမျိုးနွယ်ကောင်းကျိုးသယ်ပိုးနိုင်ခဲ့မယ်ဆိုရင် ကျနော့ရဲ့ နောက်ဆုံးထွက်သက်အထိ  လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း-
        ဒီပရိုဖိုင်းရဲ့နိဂုံးချုပ်အနေနဲ့  လောကအလယ်မှာ  ကျနော့ကို  လူတလုံးသူတလုံံး  ဖြစ်အောင်  ကြွေးမွေး  ပြုစု  သွန်သင်  စောင့်ရှောက်ခဲ့တဲ့  ကျနော့ရဲ့မွေးသမိခင်  မိခင်ကြီးဖြစ်တဲ့  မေမေ  Daw Win Kyi  (ဖေဖေ-U Aye Thein-ကွယ်လွန်) မိဘနှစ်ပါးတို့အားလည်းကောင်း၊  ကျနော့ကို  ပညာသင်ပေးခဲ့ကြတဲ့  ဆရာဆရာမများနှင့်တစ်ကွ   သင်ဆရာ   မြင်ဆရာ   ကြားဆရာများ   အားလုံးသို့လည်းကောင်း၊ 
ဒီ Blog နဲ့ ဂါရ၀ပြုပါတယ်ခင်ဗျာ။          နောက်တစ်ခုကတော့  ကျနော်ဘာပဲလုပ်လုပ်  လုပ်သမျှကို  ကျနော့အပါးကနေ မငြိုမငြင်ပဲ   အမြဲကူညီပါရမီဖြည့်ဆည်းပေးနေတဲ့   ကျနော့ရဲ့ ဇနီး Daw Ei Ei Phyo ကိုအလည်း အထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ 
        နောက်ဆုံးအနေနဲ့ ဒီ Blog ကို  လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအထူးတင်ပါကြောင်း ပြောရင်းနိဂုံးချုပ်ပါတယ်။

အားလုံးပဲကျန်းမာချမ်းသာပျော်ရွှင်ကြည်နူးကြပြီး သာယာလှပနွေးထွေးတဲ့ဘ၀ခရီးလမ်းမှာ‌‌‌လျှောက်လှန်းနိုင်ကြပါစေ။ နှစ်သစ်နှင့်အတူ လိုရာဆန္ဒတွေလည်းတစ်လုံးတစ်၀တည်းပြည့်စုံနိုင်ကြပါစေ။


အားလုံးကိုလေးစားလျက်

Konaing (Ka Zin Taw)


မိမိတို့လိုအပ်သည့်ဖိုင်များတောင်းဆိုနိုင်ရန်နှင့်

ကြုံတွေ့နေရသည့်အခက်အခဲများကို တင်ပြနိုင်ရန်

အောက်ပါလင့်မှတစ်ဆင့်စာရင်းပေးသွင်းတောင်းဆိုနိုင်ပါတယ်။

Contact us

[accordion][item title="လိုအပ်သည့်ဖိုင်များတောင်းဆိုနိုင်ရန် နှင့် မိမိတို့၏အခက်အခဲများကို တင်ပြနိုင်ရန်"]ဒီအောက်မှာကလစ်တစ်ချက်နှိပ်ပြီးဖောင်ဖြည့်လိုက်ပါ[/item][accordion][accordion][item title="Contact Form"][contact][/contact][/item][/accordion]

แสดงความคิดเห็น

[blogger][disqus][facebook][spotim]

Konaing

{picture#https://1.bp.blogspot.com/-b0LQdltaCq8/X70c4YZHfxI/AAAAAAAADTI/tcGMEiV5BaUdUZPvxCcvLtD-D3VNI4c4ACPcBGAsYHg/s1080/2020-11-22.jpg} Are you a student who always struggles to find fully resourced software versions online? Do you find these versions overpriced? Have you been looking for one solution for all your software needs to be it related to multimedia, antivirus, operating systems, back up recovery or something else? {facebook#https://www.facebook.com/U-Naing-Teaching-media-105906684460212} {twitter#https://twitter.com/THANTZA52735988} {instagram#https://www.instagram.com/kzttzorich} {youtube#https://www.youtube.com/user/TheKONAING} {rss#http://feeds.feedburner.com/Veadmc}

Contant Form

ชื่อ

อีเมล *

ข้อความ *

ขับเคลื่อนโดย Blogger.