ธันวาคม 2020


Blockchain

        
        Blockchain သည် ယခုအချိန်မှာဆိုရင်လူပြောအများဆုံးနဲ့ ရေပန်းအစားဆုံးသောနည်းပညာတစ်ခုအဖြစ်ဦးနိုင်တို့ရဲ့ကမ္ဘာကြီးမှာ တော်တော်လေးကိုကျော်ကြားလားပါတယ်။ ဒီနောက်ပိုင်းမှာ Blockchain ဆိုတဲ့စကားလုံးဟာလည်း ပိုပြီးတော့ လူသုံးများလာတဲ့စကားလုံးတစ်လုံးဖြစ်လာတော့မှာမလွဲမသွေပါပဲ။ ဦးနိုင်တို့မြန်မာနိုင်ငံမှာသာသိပ်ပြီးတော့မသိကြသေးပေမယ့်လည်း ယခု ဦးနိုင်ရောက်နေတဲ့ထိုင်းနိုင်ငံနဲ့ တစ်ချို့အရှေ့အာရှနိုင်ငံတော်တော်များများမှာ Blockchain အကြောင်းကိုတွင်တွင်ကျယ်ကျယ်ကြီးကိုပြောနေသံတွေကြားနေရတာပါ။ သတင်းနဲ့စာနယ်ဇင်းမီဒီယာများသာမကရုပ်သံလိုင်း တွေကနေတစ်ဆင့် Blockchain ဆိုတာ"ဘာ" ဖြစ်ကြောင်း၊ ဘယ်လိုအရေးကြီးကြောင်း၊ ဘယ်လိုကောင်းကြောင်း၊ ဘယ်လိုအသုံးဝင်ကြောင်း၊ ကျွန်ုပ်တို့ကမ္ဘာကြီးရဲ့ငွေကြေးနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေအပြင် အခြားသောဌာနဆိုင်ရာများသာမက ပညာရေးစနစ်၊ မဲပေးစနစ်၊ မိုဘိုင်းလက်ကိုင်ဖုန်း နဲ့ စီးပွားရေးလုပ်ငန်းမျိုးစုံ ကို ဘယ်လိုပြောင်းလဲပြစ်နိုင်တော့မှာဖြစ်ကြောင်း၊ ဘာကြောင်း ညာကြောင်းပေါ့လေ၊ အဲဒီတော့ ကိုယ်တွေစိတ်ထဲမှာလဲ အံ့တွေသြလို့ ၊ အဲဒီလောက်တောင်ပဲလားပေါ့လေ ။

        လူတွေရဲ့ပါးစပ်ဖျားမှာ ဘယ်လောက်ပဲ ရေပန်းစားနေပြီးမကြာခဏပြောနေကြသော်ငြားလည်း ၊  Blockchain နဲ့ပါတ်သက်တဲ့ Blockchain အကြောင်းရေးထားတဲ့ ဆောင်းပါးတွေ ဘယ်နှစ်ပုဒ်ပဲဖတ်ပြီးဖတ်ပြီး  Blockchain ဘာလဲဆိုတာကိုသေသေချာချာနားလည်တဲ့လူကတော့ တော်တော်လေးကိုနည်းနေပါသေးတယ်။ အဲဒါကြောင့်ပါပဲ ဒီပို့စ်ကိုရေးဖြစ်ဖို့အကြောင်းဖန်လာတယ်လို့ပဲဆိုပါတော့။ နောက်တစ်ခုက ဦးနိုင်ကိုယ်တိုင်ကလည်း တက္ကနိုလိုဂျီ အသစ်အဆန်းတွေကိုအရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်နေတာကလည်းတစ်ကြောင်းကြောင့်ပေါ့လေ။ အဲဒါ‌ကြောင့် ဦးနိုင်လည်း ဒီ Blockchain ဆိုတာကြီးကို အရမ်းကိုသိချင်လာတယ်လေ။ ဒီကောင်ကဘာကြီးလဲ ၊ အတက်နဲ့လား ၊ ဂျိုနဲ့လား ၊ ဘာလား ၊ ညာလားပေါ့လေ။ 
        အဲဒီတော့ ဒီကောင့်အကြောင်းကို သိရအောင် ဖတ်တယ် ၊ မှတ်တယ် ၊ လေ့လာတယ်ပေါ့ ၊၊ အဲဒီတော့ Blockchain ဘာလဲဆိုတာကို နားလည်လာခဲ့တယ်။ ဒီလို နားလည်လာတော့ တခြားလူတွေကိုလည်း သိရှိနားလည်စေချင်တယ်။ အထူးသဖြင့် နည်းပညာကို မတတ်တဲ့ နားမလည်တဲ့ သာမန်လူတွေကို လည်း ဒီဆောင်းပါးကို ဖတ်ပြီး နားလည်စေချင် တဲ့ ရည်ရွယ်ချက်နဲ့ အတတ်နိုင်ဆုံး အရပ်သုံးစကားလုံးတွေရွေးချယ်ပြီးတော့ ရှင်းပြမှာဖြစ်သလို သာမန်လူတွေနားလည်ရခက်တဲ့ နည်းပညာစကားလုံး တွေကို နည်းနိုင်သမျှနည်းအောင် ရှင်းပြပေးမှာဖြစ်ပါတယ်။ နည်းပညာ ဝေါဟာရတွေမပါလို့ကလည်းမဖြစ်ပြန်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့......

        ကဲစတော့မယ်...... ပထမဦးဆုံး နားလည်ထားရမှာက
Blockchain ဆိုတဲ့ဝေါဟာရသည်  (Technical Term) နည်းပညာဆိုင်ရာဝေါဟာရတစ်ခုဖြစ်သည်၊ ပုံမှန်သာမန်အသုံးပြုသူများအတွက်ဝေါဟာရမဟုတ်ပါ ဘူး ဆိုတာကို အရင်ဦးဆုံး သိထားစေချင်ပါတယ်။ ဒီလိုနားလည်ထားမှာသာ ရှေ့ဆက်သွားလို့လွယ်ကူမှာမို့လို့ပါ။ Blockchain အကြောင်းပြောကြတော့မယ်ဆိုတော့  Bitcoin အကြောင်းကမပါလို့က မဖြစ်ပြန်ပါဘူး။

        Bitcoin ကိုတော့ လွှဲသွားလွှဲလာ လုပ်လို့ရတဲ့ ငွေကြေးတစ်ခုအဖြစ်နဲ့ လူတွေတော်တော်များများ သိထားကြပါတယ်။ အဲဒါနဲ့တချိန်ထဲမှာပဲ Bitcoin နဲ့ Blockchain ကိုလည်း  တစ်မျိုးထဲပဲလို့ ထင်မြင်နေကြတဲ့တစ်ချို့တစ်ချို့သောသူတွေလည်းအများကြီးရှိနေပါသေးတယ်။ အဲဒီအထဲမှာ စာဖတ်သူလည််း တစ်ယောက်အပါအဝင်ဖြစ်ခဲ့မယ်ဆိုရင် ယခု အစကထဲကပဲရှင်းအောင်ပြောပြထားပါရစေ။ 

 " သင့်ရဲ့ထင်မြင်ယူဆထားတဲ့အချက် မှားနေပါတယ်၊ မတူပါဘူး။ သူတို့နှစ်ခု ဆက်နွယ်မှုရှိနေတာတစ်ခုကလွဲရင် တစ်မျိုးစီပါ။ "  

ဒီနေရာမှာ စာဖတ်သူတို့ ဇ‌ဝေဇဝါမဖြစ်ရအောင် နဲ့ ကွဲပြားခြားနားမှုကလေးတွေကို မှန်မှန်ကန်ကန်လေး သိရအောင် Bitcoin ဘာလဲဆိုတာလေးကို နည်းနည်းတော့ပြောပြဖို့လိုလာပါပြီ။

Bitcoin


Bitcoin သည် ဒီဂျစ်တယ်စနစ် "ငွေကြေး" တစ်မျိုး  ဖြစ်သည်။

        Bitcoin ဆိုတာကို နားလည်လွယ်ဆုံးဖြစ်အောင်နှိင်းယှဥ်ပြရရင် ဦးနိုင်တို့မြန်မာတွေအနေနဲ့ ဆိုရင်  " ရွှေဒင်္ဂါး " နဲ့ အလားသဏ္ဌန်တူပါတယ်။ 
တစ်ချို့လည်း မမြင်ဘူးကြဘူးလေ။ အဲ့တော့ မြင်ဘူးတဲ့အထိရှိအောင် ဦးနိုင်က Bitcoin ပုံလေးကိုအောက်မှာပြထားပေးပါတယ်။
ပုံနံပါတ် ( ၁ ) ကိုကြည့်လိုက်ပါ။ 

Bitcoin နမူနာ ပုံနံပါတ် ( ၁ )

        Bitcoin ကို အင်္ဂလိပ်လို  Asset  မြန်မာလို ပိုင်ဆိုင်မှု သို့မဟုတ် မိမိပိုင်ပစ္စည်း ဥပမာ စိန်၊ ရွှေ၊ ငွေ၊ ရတနာ၊  ကျောက်သံပတ္တမြား၊ အိမ်၊ ခြံ၊ မြေ၊ လယ်၊ ကိုင်း၊ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ မော်တော်၊ သင်္ဘော၊ လှေ၊ လှည်း၊ နွား၊ ကျွဲ၊ ဆိတ်၊ ကြက်၊ ဘဲ၊ ဝက်၊ အစရှိသဖြင့် မိမိတို့ပိုင်ဆိုင်မှုဖြစ်ဖို့ ဝယ်ယူလို့ရသလိုမျိုး Bitcoin ကိုလည်းဝယ်ယူလို့ရပါတယ်။ နောက်တစ်ခုက အခြားအခြားသော ပစ္စည်းတွေလိုပဲ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်၊ ရောင်းဝယ်ဖေါက်ကားရေး အစရှိသောအကြောင်းအခြင်းအရာအမျိုးမျိုးတို့အပေါ်အခြေခံ၍ ကာလအပိုင်းအခြားအလိုက် ငွေကြေးစျေးကွက်လိုမျိုး စျေးနှုံးအတက်အကျ အစဥ်အမြဲ ရှိနေတတ်ပါတယ်။
            ဥပမာပေးရရင်  ပုံနံပါတ် ( ၂ ) ပြထားတဲ့အတိုင်း ငွေလဲလှယ်နှုံးကွန်ဗာတာကိုကြည့်ပါ။ အခုဒီနေ့ ( ဒီဇင်ဘာလ ၁၈ ရက်နေ့ ၂၀၂၀ ) ရက်စွဲနဲ့ Bitcoin ဒင်္ဂါးတစ်ပြားရဲ့ ကာလတန်ကြေးက  မြန်မာငွေနဲ့  ၃၁ ၂၅၆ ၇၉၅.၁၇ ကျပ် ( 31 256 795.17 MMK ) ကျပ် သန်းပေါင်း သုံးဆယ့်တစ်သန်းကျော် ပေါက်နေပါတယ်။ လက်ထဲမှာ ကျပ်သန်းပေါင်း ( ၃၁ ) သန်းကိုလက်ထဲပိုက်ပြီး Bitcoin ဒင်္ဂါးပြား ရောင်းပေးတဲ့ ဝက်ဆိုဒ်တစ်ခုခုမှာ သွားဝယ်လို့ရပါတယ်။ အဲဒီလိုဝယ်လိုက်တာနဲ့တစ်ပြိုင်နက်ထဲ ကိုယ့်ပိုက်ဆံအိတ်အလှဆင်နိုင်ဖို့
( မိမိတို့ရဲ့လက်နဲ့ ထိလို့ ကိုင်လို့
နမ်းလို့ မရနိုင်သည့်အပြင် မိမိတို့ရဲ့ မျက်လုံးနဲ့လည်း ကြည့်လို့ မြင်လို့မရနိုင်တဲ့ ) ဒင်္ဂါးပြား တစ်ချပ်ကိုပိုင်ဆိုင်ခွင့်ရလာပြီဆိုပါတော့။ နောက်  တစ်ရက်၁၀ ရက် ၊ တစ်လသုံးလ၅ လ သို့မဟုတ်  တစ်နှစ်  အချိန်ပိုင်းအတိုင်းအတာတစ်ခုအတောအတွင်း စျေးနှုံးက ၃၄ သန်း ၊ ၃၅ သန်း အထိ မြင့်တက်လာခဲ့တယ်ဆိုကြပါစို့ ။ အဲဒီအချိန်ကျတော့ လက်ထဲကမိမိပိုင်ဆိုင်ထားတဲ့ အဲဒီ ဒင်္ဂါးပြားကို တစ်ဖန်ပြန်ရောင်းထုတ်နိုင်ပါတယ် ။ အမြတ် ၃ ၊ ၄ သန်း ရတယ်ပေါ့နော် ။ ကဲတွေ့တယ်မဟုတ်လား ဦးနိုင်တို့ဆီမှာ ရွှေအရောင်းအဝယ်လုပ်တာနဲ့မတူဘူးလား?


ပုံနံပါတ် ( ၂ )



        တစ်ချို့ အရောင်းဆိုင်တွေ ၊ ကုန်တိုက်တွေမှာ ပစ္စည်းစျေးနှုံးကပ်တဲ့ ကဒ်ပြားတွေကို စာဖတ်သူတို့မြင်ဘူးကြမှာပါ။ အဲဒီလိုမျိုးပဲ အထက်ကဦးနိုင်ရှင်းပြခဲ့တဲ့ Asset တွေကိုလည်း ဒီပစ္စည်းကတော့ဖြင့် 2Bitcoin ပါ၊ 3Bitcoin ပါဆိုပြီး တန်ဖိုးဖြတ်ကာလဲလှယ်လို့ရပါတယ်။ ဒီမှာလည်းကြည့်လေ "ရွှေ"လိုမျိုးပဲ၊ ဥပမာ ဒီခြံကတော့ဖြင့် ရွှေ ၂ ကျပ်သားပါ၊ ၃ ကျပ်သားပါ စသဖြင့် စျေးနှုံးသတ်မှတ်ထားတတ်ကြတာခြင်းနဲ့အတူတူပဲဖြစ်ပါတယ်။ ဒါပေမယ့် ခွဲခြားနားလည်ထားရမှာက ‌ရွှေ ၁ ကျပ်သားက 1 Bitcoin မဟုတ်သလို 1 Bitcoin ကလည်း ‌ရွှေ ၁ ကျပ်သား မဟုတ်ဘူး ဆိုတာကိုပါပဲ။ ဒါက ဥပမာပေးပြီးရှင်းပြနေတာနော် ရောသွားပြီးနားလည်မှုလွဲသွားမှာစိုးလို့ပါ။

        ကဲ ဒီလောက်ဆိုရင် Bitcoin ဆိုတာဟာ လက်နဲ့ကိုင်လို့မရ၊ ကြည့်လို့မမြင်ရ၊ အကောင်အထည်ဖေါ် ပြလို့မရနိုင်တဲ့ ငွေကြေးတစ်မျိုး သို့မဟုတ် နည်းပညာဝေါဟာရနဲ့ ပြောရင် (Digital Currency) ဒီဂျစ်တယ်စနစ် ငွေကြေးတစ်ခု ဖြစ်ကြောင်းကိုနားလည်လောက်ပြီလို့ထင်ပါတယ်။ နမူနာ ပုံ နံပါတ် ( ၃ ) ကိုကြည့်ပါ။


ပုံနံပါတ် ( ၃ )

        Bitcoin အကြောင်းတော့သိနားလည်သွားပြီဆိုတော့  သူ့အကြောင်းကိုရှေ့မှာ ဆက်ပြီးမဆွေးနွေးတော့ပါဘူး၊ အဲဒါဆို Blockchain ကရောဘာလဲ? Bitcoin နဲ့ကရော ဘယ်လိုကွာခြားမှုတွေရှိနေတာလဲ၊ သူတို့ ၂ ခု ဘယ်လိုဆက်စပ်မှုမျိုးတွေရှိနေကြတာလဲ ?

အဖြေကတော့................... 

Blockchain


Blockchain သည် Bitcoin စနစ်၏နောက်ကွယ်ရှိ တက္ကနိုလိုဂျီ နည်းပညာတစ်ခုဖြစ်သည်။ 

ဒီထက်ပိုပြီးနားလည်လွယ်အောင်ပြောရလျင် ဆိုကြပါစို့ မီးပလပ် သည် မီးသီး၏နောက်ကွယ်ရှိ တက်(ဂ်)နော်လော်ဂျီ နည်းပညာတစ်ခုဖြစ်သည်။ 
တွေ့တယ်မဟုတ်လား မီးပလပ်ခေါင်းကို မီးပလပ်ပေါက်မှာထိုးထည့်လိုက်တာနဲ့ မီးသီးကမီးလင်းခြင်းအဖြစ်ကိုရောက်သွားတော့တာ၊ နမူနာပုံ နံပါတ် ( ၄ ) ကိုကြည့်ပါ၊

ပုံနံပါတ် ( ၄ )



ဆက်ရန်--------->
ခုမအားတော့ဘူး. အလုပ်ကပေါ်လာပြီ .အားရင်ဆက်ရေးမယ်...မျှော်

တစ်နေ့ကို နည်းနည်းပေါ့ဗျာ။ ဒါမှ ခင်ဗျားလေးတို့အသည်းထဲကိုစွဲသွားမှာ၊ များများဖတ်၊ ခဏခဏဖတ်၊ သေသေချာချာဖတ်၊ နားလည်အောင်ဖတ်၊ စာအုပ်၊ စာပေ၊ ဆောင်းပါးဆိုတာ မိမိတို့ဗဟုသုတရှိဖို့ ဖတ်ဖို့ မှတ်ဖို့ လေ့လာဖို့ ကျက်ဖို့မဟုတ်ဘူး၊ ဦးနိုင်က စာကျက်တဲ့စနစ်ကို ဒီကမ္ဘာပေါ်  မှာရှိတဲ့အရာအားလုံထဲမှာ အမုန်းဆုံးပဲ...

    
သီချင်းသံစဥ် စာသား အဓိပ္ပါယ်ရည်ရွယ်ချက်  မြူးဇစ် နဲ့ သရုပ်ဖော် ဘက်စုံအားလုံးရှုထောင့်မျိုးစုံကပြည့်စုံတဲ့ ဦးနိုင်အမြဲနှစ်သက်လေးစားခဲ့ရတဲ့ IC အဖွဲ့ရဲ့ဘယ်သောအခါမှရုံ့လျော့မသွားတဲ့ဖန်တီးမှုစွမ်းအားကိုထင်ဟပ်ပြနိုင်တဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်လို့ အပန်းလည်းပြေ စိတ်ဓါတ်ခွန်အားတွေလည်းတိုးစေဖို့နားဆင်ခံစားနိုင်ကြရန်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
IC အဖွဲ့ရဲ့ပင်တိုင်အဆိုတော်ကိုမျိုးကြီးသီဆိုထားတဲ့ " ညီလေး " အမည်ရသောဒီသီချင်းကိုနားဆင်ကြည့်ကြပါ။

 


        အရင်တင်ခဲ့တဲ့ Floating Social Media Profile Icons Widget Generator ခေါင်းစဥ် နဲ့ ဆိုရှယ်လ်မီဒီယာဝစ်ဂျက်ဖန်တီးတဲ့ Generator လေးကိုမျှဝေပေးပြီးတဲ့နောက်၊ တစ်ခုစဥ်းစားမိတာကဒီဖန်တီးလို့ရလာတဲ့အဲဒီဝစ်ဂျက်ဆိုတာကြီးကိုကိုယ့်ရဲ့ဘလော့ဂ်မှာ ဘယ်လိုသွားထည့်ရမှာလဲဆိုတဲ့ပြဿနာပါပဲ။ အဆင့် 5 ဆင့်နဲ့ရှင်းပြထားခဲ့ပေမယ်လို့ တစ်ချို့(အထူးသဖြင့်တော့)ခုမှအစပျိုးဆဲရှိနေသေးတဲ့ ဘလော့ဂ်ဂါ အသစ်စက်စက်ကလေးတွေအတွက် ဖတ်တော့ဖတ်ပြီးသိပ်နားမလည်နိုင်သေးပဲလက်တွေ့လုပ်ဆောင်တဲ့အခါကြောင်တိကြောင်တောင်မဖြစ်ရအောင်၊ အဆင်ပြေပြေချောချောမွေ့မွေ့လေးလုပ်ဆောင်နိုင်အောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပို့စ်ကိုရေးဖြစ်သွားတာပါ။ နောက်တစ်ချက်က Blogger Dashboard မျက်နှာအသွင်အပြင်အနေအထားတွေကလည်း 2018 ခုနှစ်ကတည်းကအပြာင်းအလဲတွေတော်တော်များများလုပ်ပြစ်လိုက်တော့ ဟိုးအရင်ကတင်ထားခဲ့ကြတဲ့ လုပ်ပုံလုပ်နည်းတွေ Tutorial တွေကနဲ့ ယခုလက်ရှိပစ္စုပန်အချိန်ရှိ Blogger Dashboard ရဲ့ Interface နဲ့ကကွာဟမှုလွဲချော်မှုတွေအများကြီးရှိနေတော့‌ေကြာင်တောင်တောင်ဖြစ်နေကြမှာသေချာပါတယ်။
        ဦးနိုင်ကိုယ်တိုင်တောင်ပီးခဲ့တဲ့ 2012, 2013 ကတဲကအ‌ကြောင်းကြောင်းကြောင့် ဘလော့ဂ်မရေးဖြစ်တော့ပဲပြစ်ထားလိုက်တာ၊  ခုပြန်စလုပ်တော့မျက်နှာသွင်ပြင်အနေအထားတွေ မီနူးအထားအသိုတွေကဟိုးအရင်တုန်းကကိုယ်တွေသိခဲ့ဘူးတဲ့ပုံစံမျိုးတွေမဟုတ်တော့ပဲတော်တော်ပြောင်းလဲသွားတာတွေ့ရတော့ဝန်ခံရရင်အခက်တွေ့သွားတာပေါ့။ အင်တာနက်မှာရှာကြည့်တော့လည်းအဆင်မပြေပါဘူး၊ ဟိုးအရင်ကအဟောင်းတွေပဲများတယ်လေ။ အဲဒါကြောင့်ပါပဲ ယခုလက်ရှိ  မျက်နှာအသွင်အပြင်အနေအထားအတိုင်း Screen Shot တွေဖမ်းပြီးအတတ်နိုင်ဆုံးနားလည်လွယ်အောင်ရှင်းပြပေးထားပါတယ်။ ဒါတွင်မကသေးပါဘူး Video Clip နဲ့ပါရှင်းပြထားပါတယ်။ အားလုံးအဆင်ပြေကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။
အဲ...တစ်ခုတော့ကြိုပြီးပြောထားပါရစေ။ ဒီနေ့လုပ်ဆောင်ပြသခဲ့တဲ့နည်းစနစ်တွေကလည်း နောင်လာမယ့်အနာဂတ် 5 နှစ် သို့မဟုတ် 10 နှစ်ကြာသွားပြီးခဲ့သော်ဒီပုံစံအတိုင်းရှိနေချင်မှရှိနေမှာပါဆိုတာပါပဲ။

ကဲ အောက်မှာလမ်းညွှန်ထားပေးတဲ့အဆင့်များအတိုင်းစမ်းကြည့်လိုက်ကြပါ။
ပထမဦးဆုံးလုပ်ဆောင်မှုအဆင့်တွေကိုမသွားခင် မိမိတို့ရဲ့ Gmail အကောင့်နဲ့ အသုံးပြုမယ့်ဘရောင်ဆာတစ်ခုခုမှာ-ဥပမာ(Google Chrome, Firefox, IE, Edge...Etc.) Sign In ဝင်ထားပေးပါ။

1. မိမိတို့ရဲ့ Blogger Dashboard ကိုသွားလိုက်ပါ။ သွားပုံကတော့- နည်း(၁) မိမိတို့အသုံးပြုနေကြ အင်တာနက်ဘရောင်ဆာရဲ့ Address Bar မှာ blogger.com ရိုက်ထည့်ပြီး  Enter ခေါက်လိုက်ပါ။ အောက်မှာပြထားတဲ့ပုံအတိုင်း ဘယ်ဘက်အခြမ်းမှာ မီနူးတွေရှိတဲ့၊ ညာဘက်အခြမ်းမှာ ပို့စ်တွေရှိတဲ့၊ ပို့စ်အသစ်တင်လို့ရတဲ့ Blogger Dashboard မျက်နှာပြင်ကိုတန်းပြီးရောက်သွားပါလိမ့်မယ်။  နည်း(၂)- မိမိတို့အသုံးပြုနေကျအင်တာနက်ဘရောင်ဆာရဲ့ Google Search Engine မှာ  blogger ရိုက်ထည့်ပြီး  Enter ခေါက်လိုက်ပါ။ နည်း(၁)ကိုသုံးစေချင်ပါတယ်။

2. အပေါ်ကပုံမှာပြထားတဲ့အတိုင်း မျက်နှာပြင်ဘယ်ဘက်ခြမ်းမှာရှိတဲ့ Layout ကိုကလစ်တစ်ချက်နှိပ်ပါ။ ဒါဆိုရင် အောက်ကပုံအတိုင်း Layout  မျက်နှာပြင်ကို ရမှာပါ။


        ဒီနေရာမှာ ‌ပြောစရာရှိတာတစ်ခုကတော့   မျက်နှာသွင်ပြင်အနေအထားက မိမိတို့ရဲ့ မျက်နှာပြင်နဲ့တူချင်မှတူမယ်။ ဒါကကိုယ်အသုံးပြုတဲ့ Theme အပေါ်မှာမူတည်ပြီးတော့ပုံစံကွဲပြားမှုရှိပါလိမ့်မယ်။ ခု ဦးနိုင်ပြထားတဲ့ပုံက Blogger ရဲ့ Defult Setting Theme မူလချိန်ညှိမှု Theme လို့ဆိုရမလား၊ ပြောချင်တာက ဆိုဒ်နံမယ်ရေးတယ်၊ Domain Name ရွေးတယ်၊  ပြီးတော့ Save လုပ်လိုက်တာနဲ့ ဘာပို့စ်တစ်ခုမှမတင်ရသေးတဲ့ ဒီ Dashboard မျက်နှာပြင်အသစ်စက်စက်ကိုတန်းရတော့တာပဲ။ ဘာပဲဖြစ်ဖြစ် Layout  မျက်နှာပြင်မှာရှာရမယ့်စာလုံးက Add a Gadget ဆိုတဲ့စာလုံးပဲ။ အဲဒါအဓိကပဲ။အပေါ်ပဲဖြစ်ဖြစ်၊ အောက်ပဲဖြစ်ဖြစ် သုံးလို့ရတယ်။
        နောက်အလျင်းသင့်ခဲ့လျင် Theme  အကြောင်း Template အကြောင်းတွေသပ်သပ်ပို့စ်တင်ပေးပါအုံးမယ်။(အကြွေး)

3. Add a Gadget ဆိုတဲ့စာလုံးကို ကလစ်တစ်ချက်နှိပ်ပါ။ ဒါဆိုရင်အောက်ကပုံအတိုင်း Windows Gadget Popup  မျက်နှာပြင်တစ်ခုအလိုအလျောက်တက်လာတာတွေ့ရပါလိမ့်မယ်။


4. အပေါ် ပုံက အနီရောင်နဲ့ ကွင်းပြထားတဲ့ HTML/JavaScript  ကို  ဒါမှမဟုတ်ရင် " + " လက္ခဏာကို ကလစ်တစ်ချက်နှိပ်ပါ။ အောက်ကပုံအတိုင်း Configure HTML/JavaScript  - Popup Windows တစ်ခုထပ်တက်လာပါလိမ့်မယ်။

5. မိမိတို့ကော်ပီကူးလာခဲ့တဲ့ ကုဒ်တွေကို Configure HTML/JavaScript  - Popup Windows အနီရောင်နဲ့ ကွင်းပြထားပြီးမြှားပြထားတဲ့နေရာထဲမှာ ကီးဘုတ်ကနေ Ctrl+V သို့မဟုတ် မောက်စ်-ညာကလစ် ပြီးတော့ Paste ကိုနှိပ်ပါ။  Ctrl+V ကိုသုံးစေချင်ပါတယ်။ ပြီးရင် အောက်က Save ခလုပ်ကို နှိပ်ရင် မိမိဘလော့တွင် Widget  ထည့်ခြင်းအဆင့်များအားလုံးအောင်မြင်စွာနဲ့ပြီးမြောက်သွားပြီဖြစ်ပါသည်။
ပိုပြီးတော့ရှင်းသွားအောင်အောက်မှာ You Tube Video Clip လေးထည့်ထားပေးပါတယ်။ ကြည့်လိုက်ပါ။



ဒီပို့စ်ကိုကြိုက်နှစ်ခဲ့သည်ရှိသော် Like, Subscribe & Share on your Social Media

မိမိတို့လိုအပ်သည့်ဖိုင်များတောင်းဆိုနိုင်ရန်နှင့်

ကြုံတွေ့နေရသည့်အခက်အခဲများကို တင်ပြနိုင်ရန်

အောက်ပါလင့်မှတစ်ဆင့်စာရင်းပေးသွင်းတောင်းဆိုနိုင်ပါတယ်။

Contact us

[accordion][item title="လိုအပ်သည့်ဖိုင်များတောင်းဆိုနိုင်ရန် နှင့် မိမိတို့၏အခက်အခဲများကို တင်ပြနိုင်ရန်"]ဒီအောက်မှာကလစ်တစ်ချက်နှိပ်ပြီးဖောင်ဖြည့်လိုက်ပါ[/item][accordion][accordion][item title="Contact Form"][contact][/contact][/item][/accordion]



Floating Social Media Profile Icons




        Blogger များအတွက် မိမိရဲ့ ဝက်ဘ်ဆိုဒ် သို့မဟုတ် ဘလော့ဂ်ကိုအလည်အပတ်လာရောက် ကြတဲ့ Visitor တွေကိုစိတ်ဝင်စားစရာကောင်းပြီး ဆွဲဆောင်မှုအပြည့်ရှိစေမယ့် Floating Social Media Profile Icons Generator လို့ခေါ်တဲ့  ဆိုရှယ်မီဒီယာ Widget ကိုအလွယ်တကူတည်ဆောက်ဖန်တီးနိုင်တဲ့ Generator လေးကိုဝေမျှပေးမှာဖြစ်ပါတယ်။
        ဒီဝစ်ဂျက်ကို မိမိတို့ဆိုဒ်မှာထည့်ထားမယ်ဆိုရင် အပေါ်မှာပြထားတဲ့ပုံအတိုင်းဆိုဒ်ရဲ့ဘယ်ဘက်ခြမ်းမှ Auto Hide ပုံစံမျိုးနဲ့ ဒေါင်လိုက်အနေထားတည်ရှိနေမှာဖြစ်ပါတယ်။ ဝက်ဆိုဒ်အသုံးပြုသူ Visitor ကမောက်နဲ့ဝေ့လိုက်တဲ့အချိန်ကြမှ Auto Show ဖြစ်ပြီး Social Icon တွေကို Click လုပ်နိုင်မှာဖြစ်ပါတယ်။
        ဒီ Generator ကိုအသုံးပြုပုံကလည်းအရမ်းကိုလွယ်ပါတယ်။ ဒါကြောင့်လဲ ဘလော့ဂ်ဂါတစ်ယောက်မှာရှိထားသင့်ပြီးအသုံးပြုသင့်တယ်လို့ယူဆလို့ပြန်လည်မှဝေပေးခြင်းဖြစ်ပါတယ်။နောက်တစ်ခုက ဒီဝစ်ဂျက်ကိုအသုံးပြုတဲ့အတွက်မိမိတို့ဆိုဒ်နှေးကွေးသွားမှာမပူရသလို  SEO အတွက်လည်းအနှောက်အယှက်မရှိနိုင်ပါဘူး။ ဒီတော့အသုံးပြုပုံအသေးစိတ်ကို ရှင်းပြပေးပါမယ်။

SETTINGS FOR WIDGET အပိုင်းခေါင်းစဥ်အောက်ရဲ့ညာဘက်အခြမ်းကိုကြည့်လိုက်ပါ။

Attractive Floating Social Media Profile Icons

Attractive Floating Social Media Profile Icons Generator


SETTINGS FOR WIDGET



ဒီကုဒ်ကိုကော်ပီကူးပြီးဘလော့ဂ် Layout ထဲက HTML/JavaScritp Gadget မှာကူးထည့်လိုက်ပါ



Copyright © 2013 All Rights Strictly Reversed By M Ehsan Qureshi
@ Free Tips Tricks by RAZ

အောက်ကနံပါတ်စဥ်အတိုင်းတစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားလိုက်ပါ။
  1. မိမိတို့ရဲ့ Social Account ID ပရိုဖိုင်း Link တွေကို အစိမ်းရောင်နဲ့ရေးပြထားတဲ့နေရာတွေမှာအစားထိုးပေးလိုက်ပါ။
  2. ပြီးရင်Generate ခလုပ်ကိုနှိပ်ပါ။ အောက်ကအကွက်မှာ Generate လုပ်ပြီးသား ကုဒ်တွေအော်တိုပေါ်လာပါလိမ့်မယ်။ 
  3. အောက်ကကုဒ်တွေပေါ်လာတဲ့နေရာကိုမောက်(စ်)နဲ့‌ဝေ့လိုက်တာနဲ့ ကုဒ်အားလုံးကိုအော်တိုရွေးချယ်ပြီးသား Highlight အဖြစ်နဲ့မြင်ရပါလိမ့်မယ်။
  4. ကော်ပီကူးရန်အတွက် ကီးဘုတ်မှာ Ctrl+C ဒါမှမဟုတ် Right Click နှိပ်ပြီးကော်ပီကူးလို့ရပါတယ်။
  5. ကော်ပီကူးလာတဲ့ ကုဒ်တွေကို Blogger Layout ထဲက Add a Gadget >>HTML/javascript >> Paste>> ပြီး Save လိုက်ပါ။
For Blogger
Go to Blogger DashBoard >> Layout >> Add a Gadget>
Now Select HTML/JavaScript and Insert the Generated Code
Save you template and check out you Blog pages.

For Wordpress
Go to Wordpress Blog Dashboard >> Appearance >> Widgets >>
Move Text Widget to Your Sidebar anywhere and paste the Generated code.

For Custom Website
Copy the above generated code paste in notepad >>
Then get <style>…… </style> and paste it between the <head>….</head> tag
and the remaining code paste between <body>….</body> tag
Save you work and check your website.
       
 ဒါဆိုရင် အထက်ကပြောခဲ့သလိုပဲ မိမိဆိုဒ်ရဲ့ဘေးမှာ ဆိုရှယ်လ် အိုင်ကောန်လေးတွေဒေါင်လိုက်တန်းစီနေတာမြင်ရပါပြီ။  နောက်တစ်ခုက Blogger Platform တစ်ခုထည်းမှာသာသုံးလို့ရတာမဟုတ်ပဲ WordPress နဲ့ တခြား CMS Platform ဆိုဒ်တွေ Html ဆိုဒ်တွေ အပြင်သီးသန့်ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တွေမှာလည်း အနည်းငယ်ပြုပြင်ပြီး အသုံးပြုလို့ရပါတယ်။ HTMLနဲ့ CSS ကိုနားလည်သူများအတွက်တော့ဘာအခက်မှမရှိပဲမိမိတို့စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်ကြမှပါ။
Attractive Floating Social Media Profile Icons ပို့စ်ကိုမူရင်း Link မှာသွားဖတ်ကြည့်ချင်ကြရင်တော့ဒီနေရာကိုနှိပ်ပါ။
ဒီ Generator လေးကိုမိမိတို့ရဲ့ကွန်ပြူ‌တာမှာအချိန်မရွေးအလွယ်တကူဖွင့်ပြီးအသုံးပြုလို့ရနိုင်အောင်  ဦးနိုင်က Desktop App  ဆော့ဗ်ဝဲအဖြစ်ဖန်တီးထားပေးပါတယ်။ အသုံးပြုချင်တဲ့မိတ်ဆွေတွေဒေါင်းလို့ဒ်လုပ်ချင်တယ်ဆိုရင်အောက်က  ခလုပ်ကိုနှိပ်လိုက်ပါ။

password: UNTMC





ကုဒ်အပြည့်အစုံကတော့အောက်မှာဥပမာပြထားပေးတဲ့အတိုင်းပါပဲ။
<style>
.ttifloat-icons {
left:-30px;
top:180px;
position:fixed;
z-index:10000;
border:1px solid #dcdcdc;
border-radius:5px;
padding:5px;
opacity:0.5;
background:white;
}
.ttifloat-icons:hover {
left:0px;
opacity:1.0;
}
</style>
<div class="ttifloat-icons"><table border="0" cellspacing="0" cellpadding="1" width="34">
<tbody>
<tr>
<td valign="top" width="34"><a href="http://www.facebook.com/U-Naing-Teaching-media-105906684460212" target="_blank"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd_NZiyuFMN72tzoIFurLbZTsFlXheD53VVvE00rIAeUBGEtNivE23ZunsvooVdnzkeHSPm_fSBjwmRq_PtR-FTww-n6Kccov8rz-PnSiwhDTIaNjrDbe8xtCSOeI3FNntGPyiYGgUG1s/s1600/facebook.PNG" title="Like us on Facebook"/></a></td></tr>
<tr>
<td valign="top" width="34"><a href="https://plus.google.com/konainga2@gmail.com" target="_blank"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszmPRAyl5lAfdz43OxVMOYZKAWy-U0nAVIlAgFGslCO7dTtGSuJZ4dw10uQib1SVsR8TJmMqptWjPa5lUC5Z1-U8L96xPZWl70gjLoxFd04a0H6LUAhPtLOH95l54o2MTViTTJaI77TE/s1600/googleplus.PNG" title="Circle us Google+"/></a></td></tr>
<tr>
<td valign="top" width="34"><a href="http://twitter.com/@THANTZA52735988" target="_blank"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAolvtf4v0LlszqZhWSQj5gb_ZX_X6lfke7iLTTazUilAOXAtskw_RTHF8OgZCBSN_MFD36_lRxpLQzhvCXW3eEjpCv_UfWzSjSuRJKjUCcD8gh0yMhfI1c2QzMTQsNnaIz33V53vj8XM/s1600/twitter.PNG" title="Follow us on Twitter"/></a></td></tr>
<tr>
<td valign="top" width="34"><a href="https://www.linkedin.com/in/သင့်အကောင့် ID" target="_blank"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzWd4_vaneV5ohH-jPOZ8uN3dp1h9DjNLJboQfRCC3-MbcJ9XGEbitTd6KLgJYi2WqZH4fB3F_fgCF9YFwym_j1KbYnPrFj5PFAs8AjiwiqB0EJivq1jYdQEZ3eRSBWyrqEAor0aEpWQ4/s1600/linkedin.PNG" title="Connect us on Linkedin"/></a></td></tr>
<tr>
<td valign="top" width="34"><a href="http://pinterest.com/konainga2" target="_blank"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjomEsvlVTUT_UgagInahacvap2kYtj27fbnMAZ8ft0o31W6uwXsaE9_VT0D2KK68mEdkD-6NAhZ_DpFjhqoetrzWyP-68YLL3x7hZn9SUbApfcLU0WXnpXtGhtumRHpAWQk7VtUef3T6Y/s1600/pinterest.PNG" title="Follow us On Pinterest"/></a></td></tr>
<tr>
<td valign="top" width="34"><a href="http://www.youtube.com/TheKONAING" target="_blank"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpixEG5Dh1sYbtmEGhGt72vl55T2Q3AGsvQoW5nbnzwjhv_8WfDvalpQ-ILVTZXqj_w2l5BJIvriBEQJHhh2AwqzRj9L64KTt7-1dgBrGL2KQ3i8GLgePukMZ1Ne3tdQ4zCaSnhHMe-PE/s1600/youtube.PNG" title="Subscribe our Youtube Channel"/></a></td></tr>
<tr>
<td valign="top" width="34"><a href="http://feeds.feedburner.com/Veadmc" target="_blank"><img src="https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqVCyHj7eJ6lFEG4PcYKhu-4WoGvf6s_elSmRLsgKaM5duGFgna9NoZbS7-4w2jgX5eRXp2WipEr01KNsvQ5NGslAzjU2hnXwzI6Z9o4rxivW5yJhWXmAV97wGbXRjJSYGaQCv1D182-I/s1600/RSS.PNG" title="Subscribe our RSS Feeds"/></a></td></tr>
</tbody></table>
</div
>



ဒီပို့စ်ကိုကြိုက်နှစ်ခဲ့သည်ရှိသော် Please press Like, Subscribe & Share on your Social Media

မိမိတို့လိုအပ်သည့်ဖိုင်များတောင်းဆိုနိုင်ရန်နှင့်

ကြုံတွေ့နေရသည့်အခက်အခဲများကို တင်ပြနိုင်ရန်

အောက်ပါလင့်မှတစ်ဆင့်စာရင်းပေးသွင်းတောင်းဆိုနိုင်ပါတယ်။

Contact us

[accordion][item title="လိုအပ်သည့်ဖိုင်များတောင်းဆိုနိုင်ရန် နှင့် မိမိတို့၏အခက်အခဲများကို တင်ပြနိုင်ရန်"]ဒီအောက်မှာကလစ်တစ်ချက်နှိပ်ပြီးဖောင်ဖြည့်လိုက်ပါ[/item][accordion][accordion][item title="Contact Form"][contact][/contact][/item][/accordion]


Konaing

{picture#https://1.bp.blogspot.com/-b0LQdltaCq8/X70c4YZHfxI/AAAAAAAADTI/tcGMEiV5BaUdUZPvxCcvLtD-D3VNI4c4ACPcBGAsYHg/s1080/2020-11-22.jpg} Are you a student who always struggles to find fully resourced software versions online? Do you find these versions overpriced? Have you been looking for one solution for all your software needs to be it related to multimedia, antivirus, operating systems, back up recovery or something else? {facebook#https://www.facebook.com/U-Naing-Teaching-media-105906684460212} {twitter#https://twitter.com/THANTZA52735988} {instagram#https://www.instagram.com/kzttzorich} {youtube#https://www.youtube.com/user/TheKONAING} {rss#http://feeds.feedburner.com/Veadmc}

Contant Form

ชื่อ

อีเมล *

ข้อความ *

ขับเคลื่อนโดย Blogger.