How to Add Any Widgets in Blogger

 


        အရင်တင်ခဲ့တဲ့ Floating Social Media Profile Icons Widget Generator ခေါင်းစဥ် နဲ့ ဆိုရှယ်လ်မီဒီယာဝစ်ဂျက်ဖန်တီးတဲ့ Generator လေးကိုမျှဝေပေးပြီးတဲ့နောက်၊ တစ်ခုစဥ်းစားမိတာကဒီဖန်တီးလို့ရလာတဲ့အဲဒီဝစ်ဂျက်ဆိုတာကြီးကိုကိုယ့်ရဲ့ဘလော့ဂ်မှာ ဘယ်လိုသွားထည့်ရမှာလဲဆိုတဲ့ပြဿနာပါပဲ။ အဆင့် 5 ဆင့်နဲ့ရှင်းပြထားခဲ့ပေမယ်လို့ တစ်ချို့(အထူးသဖြင့်တော့)ခုမှအစပျိုးဆဲရှိနေသေးတဲ့ ဘလော့ဂ်ဂါ အသစ်စက်စက်ကလေးတွေအတွက် ဖတ်တော့ဖတ်ပြီးသိပ်နားမလည်နိုင်သေးပဲလက်တွေ့လုပ်ဆောင်တဲ့အခါကြောင်တိကြောင်တောင်မဖြစ်ရအောင်၊ အဆင်ပြေပြေချောချောမွေ့မွေ့လေးလုပ်ဆောင်နိုင်အောင်လို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီပို့စ်ကိုရေးဖြစ်သွားတာပါ။ နောက်တစ်ချက်က Blogger Dashboard မျက်နှာအသွင်အပြင်အနေအထားတွေကလည်း 2018 ခုနှစ်ကတည်းကအပြာင်းအလဲတွေတော်တော်များများလုပ်ပြစ်လိုက်တော့ ဟိုးအရင်ကတင်ထားခဲ့ကြတဲ့ လုပ်ပုံလုပ်နည်းတွေ Tutorial တွေကနဲ့ ယခုလက်ရှိပစ္စုပန်အချိန်ရှိ Blogger Dashboard ရဲ့ Interface နဲ့ကကွာဟမှုလွဲချော်မှုတွေအများကြီးရှိနေတော့‌ေကြာင်တောင်တောင်ဖြစ်နေကြမှာသေချာပါတယ်။
        ဦးနိုင်ကိုယ်တိုင်တောင်ပီးခဲ့တဲ့ 2012, 2013 ကတဲကအ‌ကြောင်းကြောင်းကြောင့် ဘလော့ဂ်မရေးဖြစ်တော့ပဲပြစ်ထားလိုက်တာ၊  ခုပြန်စလုပ်တော့မျက်နှာသွင်ပြင်အနေအထားတွေ မီနူးအထားအသိုတွေကဟိုးအရင်တုန်းကကိုယ်တွေသိခဲ့ဘူးတဲ့ပုံစံမျိုးတွေမဟုတ်တော့ပဲတော်တော်ပြောင်းလဲသွားတာတွေ့ရတော့ဝန်ခံရရင်အခက်တွေ့သွားတာပေါ့။ အင်တာနက်မှာရှာကြည့်တော့လည်းအဆင်မပြေပါဘူး၊ ဟိုးအရင်ကအဟောင်းတွေပဲများတယ်လေ။ အဲဒါကြောင့်ပါပဲ ယခုလက်ရှိ  မျက်နှာအသွင်အပြင်အနေအထားအတိုင်း Screen Shot တွေဖမ်းပြီးအတတ်နိုင်ဆုံးနားလည်လွယ်အောင်ရှင်းပြပေးထားပါတယ်။ ဒါတွင်မကသေးပါဘူး Video Clip နဲ့ပါရှင်းပြထားပါတယ်။ အားလုံးအဆင်ပြေကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။
အဲ...တစ်ခုတော့ကြိုပြီးပြောထားပါရစေ။ ဒီနေ့လုပ်ဆောင်ပြသခဲ့တဲ့နည်းစနစ်တွေကလည်း နောင်လာမယ့်အနာဂတ် 5 နှစ် သို့မဟုတ် 10 နှစ်ကြာသွားပြီးခဲ့သော်ဒီပုံစံအတိုင်းရှိနေချင်မှရှိနေမှာပါဆိုတာပါပဲ။

ကဲ အောက်မှာလမ်းညွှန်ထားပေးတဲ့အဆင့်များအတိုင်းစမ်းကြည့်လိုက်ကြပါ။
ပထမဦးဆုံးလုပ်ဆောင်မှုအဆင့်တွေကိုမသွားခင် မိမိတို့ရဲ့ Gmail အကောင့်နဲ့ အသုံးပြုမယ့်ဘရောင်ဆာတစ်ခုခုမှာ-ဥပမာ(Google Chrome, Firefox, IE, Edge...Etc.) Sign In ဝင်ထားပေးပါ။

1. မိမိတို့ရဲ့ Blogger Dashboard ကိုသွားလိုက်ပါ။ သွားပုံကတော့- နည်း(၁) မိမိတို့အသုံးပြုနေကြ အင်တာနက်ဘရောင်ဆာရဲ့ Address Bar မှာ blogger.com ရိုက်ထည့်ပြီး  Enter ခေါက်လိုက်ပါ။ အောက်မှာပြထားတဲ့ပုံအတိုင်း ဘယ်ဘက်အခြမ်းမှာ မီနူးတွေရှိတဲ့၊ ညာဘက်အခြမ်းမှာ ပို့စ်တွေရှိတဲ့၊ ပို့စ်အသစ်တင်လို့ရတဲ့ Blogger Dashboard မျက်နှာပြင်ကိုတန်းပြီးရောက်သွားပါလိမ့်မယ်။  နည်း(၂)- မိမိတို့အသုံးပြုနေကျအင်တာနက်ဘရောင်ဆာရဲ့ Google Search Engine မှာ  blogger ရိုက်ထည့်ပြီး  Enter ခေါက်လိုက်ပါ။ နည်း(၁)ကိုသုံးစေချင်ပါတယ်။

2. အပေါ်ကပုံမှာပြထားတဲ့အတိုင်း မျက်နှာပြင်ဘယ်ဘက်ခြမ်းမှာရှိတဲ့ Layout ကိုကလစ်တစ်ချက်နှိပ်ပါ။ ဒါဆိုရင် အောက်ကပုံအတိုင်း Layout  မျက်နှာပြင်ကို ရမှာပါ။


        ဒီနေရာမှာ ‌ပြောစရာရှိတာတစ်ခုကတော့   မျက်နှာသွင်ပြင်အနေအထားက မိမိတို့ရဲ့ မျက်နှာပြင်နဲ့တူချင်မှတူမယ်။ ဒါကကိုယ်အသုံးပြုတဲ့ Theme အပေါ်မှာမူတည်ပြီးတော့ပုံစံကွဲပြားမှုရှိပါလိမ့်မယ်။ ခု ဦးနိုင်ပြထားတဲ့ပုံက Blogger ရဲ့ Defult Setting Theme မူလချိန်ညှိမှု Theme လို့ဆိုရမလား၊ ပြောချင်တာက ဆိုဒ်နံမယ်ရေးတယ်၊ Domain Name ရွေးတယ်၊  ပြီးတော့ Save လုပ်လိုက်တာနဲ့ ဘာပို့စ်တစ်ခုမှမတင်ရသေးတဲ့ ဒီ Dashboard မျက်နှာပြင်အသစ်စက်စက်ကိုတန်းရတော့တာပဲ။ ဘာပဲဖြစ်ဖြစ် Layout  မျက်နှာပြင်မှာရှာရမယ့်စာလုံးက Add a Gadget ဆိုတဲ့စာလုံးပဲ။ အဲဒါအဓိကပဲ။အပေါ်ပဲဖြစ်ဖြစ်၊ အောက်ပဲဖြစ်ဖြစ် သုံးလို့ရတယ်။
        နောက်အလျင်းသင့်ခဲ့လျင် Theme  အကြောင်း Template အကြောင်းတွေသပ်သပ်ပို့စ်တင်ပေးပါအုံးမယ်။(အကြွေး)

3. Add a Gadget ဆိုတဲ့စာလုံးကို ကလစ်တစ်ချက်နှိပ်ပါ။ ဒါဆိုရင်အောက်ကပုံအတိုင်း Windows Gadget Popup  မျက်နှာပြင်တစ်ခုအလိုအလျောက်တက်လာတာတွေ့ရပါလိမ့်မယ်။


4. အပေါ် ပုံက အနီရောင်နဲ့ ကွင်းပြထားတဲ့ HTML/JavaScript  ကို  ဒါမှမဟုတ်ရင် " + " လက္ခဏာကို ကလစ်တစ်ချက်နှိပ်ပါ။ အောက်ကပုံအတိုင်း Configure HTML/JavaScript  - Popup Windows တစ်ခုထပ်တက်လာပါလိမ့်မယ်။

5. မိမိတို့ကော်ပီကူးလာခဲ့တဲ့ ကုဒ်တွေကို Configure HTML/JavaScript  - Popup Windows အနီရောင်နဲ့ ကွင်းပြထားပြီးမြှားပြထားတဲ့နေရာထဲမှာ ကီးဘုတ်ကနေ Ctrl+V သို့မဟုတ် မောက်စ်-ညာကလစ် ပြီးတော့ Paste ကိုနှိပ်ပါ။  Ctrl+V ကိုသုံးစေချင်ပါတယ်။ ပြီးရင် အောက်က Save ခလုပ်ကို နှိပ်ရင် မိမိဘလော့တွင် Widget  ထည့်ခြင်းအဆင့်များအားလုံးအောင်မြင်စွာနဲ့ပြီးမြောက်သွားပြီဖြစ်ပါသည်။
ပိုပြီးတော့ရှင်းသွားအောင်အောက်မှာ You Tube Video Clip လေးထည့်ထားပေးပါတယ်။ ကြည့်လိုက်ပါ။



ဒီပို့စ်ကိုကြိုက်နှစ်ခဲ့သည်ရှိသော် Like, Subscribe & Share on your Social Media

မိမိတို့လိုအပ်သည့်ဖိုင်များတောင်းဆိုနိုင်ရန်နှင့်

ကြုံတွေ့နေရသည့်အခက်အခဲများကို တင်ပြနိုင်ရန်

အောက်ပါလင့်မှတစ်ဆင့်စာရင်းပေးသွင်းတောင်းဆိုနိုင်ပါတယ်။

Contact us

[accordion][item title="လိုအပ်သည့်ဖိုင်များတောင်းဆိုနိုင်ရန် နှင့် မိမိတို့၏အခက်အခဲများကို တင်ပြနိုင်ရန်"]ဒီအောက်မှာကလစ်တစ်ချက်နှိပ်ပြီးဖောင်ဖြည့်လိုက်ပါ[/item][accordion][accordion][item title="Contact Form"][contact][/contact][/item][/accordion]

แสดงความคิดเห็น

[blogger][disqus][facebook][spotim]

Konaing

{picture#https://1.bp.blogspot.com/-b0LQdltaCq8/X70c4YZHfxI/AAAAAAAADTI/tcGMEiV5BaUdUZPvxCcvLtD-D3VNI4c4ACPcBGAsYHg/s1080/2020-11-22.jpg} Are you a student who always struggles to find fully resourced software versions online? Do you find these versions overpriced? Have you been looking for one solution for all your software needs to be it related to multimedia, antivirus, operating systems, back up recovery or something else? {facebook#https://www.facebook.com/U-Naing-Teaching-media-105906684460212} {twitter#https://twitter.com/THANTZA52735988} {instagram#https://www.instagram.com/kzttzorich} {youtube#https://www.youtube.com/user/TheKONAING} {rss#http://feeds.feedburner.com/Veadmc}

Contant Form

ชื่อ

อีเมล *

ข้อความ *

ขับเคลื่อนโดย Blogger.